Friday, January 27, 2023
Latest Posts
ချစ်တဲ့ပရိသတ်တွေကို ခိုင်မာပြတ်သားတဲ့ ကတိတစ်ခုပေးလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်
Unicode Verison
ဒါရိုက်တာ ကိုပေါက် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်။ အခုဆိုရင်တော့ မိသားစုနဲ့ဝေးရာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပြီး ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။
ဒါရိုက်တာ ကိုပေါက် ဟာ ချစ်တဲ့ပရိသတ်တွေကို ခိုင်မာတဲ့ကတိတစ်ခု ပေးလိုက်ပါတယ်။ ” ကျနော် အဆင်ပြေပါတယ်။ ချစ်ရတဲ့ ပရိသတ်ကြီးပဲ ကျန်းမာအောင်နေကြနော်။ တစ်ချို့ ပြက်လုံးတွေက မရီ(ရယ်)ရတော့ဘူး။ ဒါပေမယ့်အနာခံပြီးပျက်ရတာပဲ။ မြန်မာပြည်ရဲ့သမိုင်းတလျှောက်တော်လှန်ရေးတွေအားလုံးထဲမှာ ဒီနွေဦးတော်လှန်ရေးက အရင်းအနှီးကြီးသလို ပြည်သူတွေရဲ့စွန့်လွှတ်အနစ်နာခံမှုတွေက ကမ္ဘာလည်းကျော်တယ်။ ကျနော်ထက်အများကြီးပေးဆပ်ထားတဲ့ ညီအစ်ကိုတွေအတွက်အမြဲ ဂုဏ်ယူနေမှာ။ ကျနော် ဒီလမ်းကို အဆုံးအထိလျှောက်မှာပါ။ ဂတိပေးပါတယ် “လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
Cele Only…ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲ စစ်ကောင်စီကိုတွန်းလှန်နေတဲ့ ဒါရိုက်တာ ကိုပေါက် ကိုအားပေးစကားလေးတွေ ပြောခဲ့ပါအုန်းနော်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ZawGyi Version
Latest Posts
Don't Miss