Sunday, November 27, 2022

Latest Posts

ချစ်စမ်း‌မောင်ကို ကျေးဇူးတင်စကားပြောလိုက်တဲ့ ရေမွန်မိခင် အန်တီခင်မြတ်မွန်

Unicode Version

ပရိသတ်ကြီးရေ ရော့ခ်ဂီတအဆိုတော်ဖြစ်တဲ့ ရေမွန် ‌(ဘပီ) ကတော့ ဇွန်လလယ်လောက်မှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း အနေအစားဆင်းရဲခဲ့တာကြောင့် မတော်တဆ အစာအိမ်သွေးကြောပေါက်ကာ ‌ပရိသတ်တွေကို ရုတ်တရတ် နှုတ်ဆက်ထွက်ခွာသွားခဲ့တာဆိုရင် လပေါင်းများစွာ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ‌ရေမွန်ကွယ်လွန်တဲ့နေ့က ရော့ခ်ဂီတကို ချစ်တဲ့ပရိသတ်တွေအတွက် အဝမ်းနည်းရဆုံးနေ့တနေ့ဖြစ်ခဲ့ပါတယ်။ ကွယ်လွန်သွားခဲ့တာ‌‌ အချိန်ကြာမြင့်ခဲ့ပေမယ့် မိသားစုနဲ့ချစ်တဲ့ပရိသတ်တွေက ဒီနေ့ထိလွမ်းဆွတ်တမ်းတနေဆဲပါပဲ။ တွတ်ပီရဲ့မိခင်ဖြစ်သူ အန်တီဒေါ်ခင်မြတ်မွန် ကတော့ တွတ်ပီနဲ့ပတ်သတ်ပြီး ချစ်စမ်းမောင် ကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

အဆိုတော် ခင်မြတ်မွန် က ဒီကနေ့မှာ ချစ်စမ်းမောင် နဲ့တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကို ” ဒီညနေ သား မင်းသာကီ(သရုပ်‌ဆောင်)ရဲ့ သချင်းလေး P.T.L မှာ ဟာမိုနီလိုက်.P.T.L မရောက်တာကြာပြီ.မနှစ်ကဟန်နေတာသီချင်းဟာမိုနီကနောက်ဆုံးဘဲ တွတ်ပီတစ်လပြည့် ဟိုရောက်နေချိန် ဆရာချစ် စိတ်မကောင်းကြောင်း၊တွတ်ပီ အမှတ်တယလေးတစ်ခုပေးချင်ကြောင်း ပြန်ရောက်ရင်ဆက်သွယ်ဖို့လှမ်းဆက်တယ် (ကျေးဇူးပါ )ပြန်ရောက်လာတော့ တွတ်ပီရဲ့ကိစ္စအဝဝဖြေရှင်းလုပ်ကိုင်နေရလို့ ဆရာချစ်ဆီမဆက်သွယ်ဖြစ်ခဲ့ဘူး ဒီနေ့ P.T.L ရောက်မှဘဲ မျက်နှာပူစွာနဲ့ တောင်းပန်ရတယ်. မောင်လေး(ဆရာချစ်)ကတော့ပြုံးပြုံးရွှင်ရွင်နဲ့ အမြဲနွေးထွေးလျက်ပါI.C စတင်ဖွဲ့စည်းခဲ့ချိန်(1989 လောက်ကဆရာချစ်ဦးဘွဲ့ကြီးဆီ တပည့်ခံ၊ပညာသင်ချိန်) ထဲက ရင်းနှီးခင်မင်လာခဲ့ကြတာ..(ဘာအလိုရှိလဲ)စီးရီးလေး I.C ကမေတ္တာနဲ့တီးခတ်ပေးခဲ့ကြတယ် အဲ့အတွက်ရော တွတ်ပီအပေါ် ကြုံဆုံတိုင်း နွေးထွေးစွာ ကူညီစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးပါ မောင်လေးရေ..မိသားစုအားလုံး ကျန်းမာချမ်းသာ ဘေးကင်းကြပါစေ..ယုံကြည်စွာ ဟာမိုနီအမြဲအပ်တဲ့ သား မင်းသာကီ (ဖေါက်သည်ကြီး)လဲကျေးဇူးပါ ဂီတခရီးလမ်းမှာ အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ (ခေတ်ပြန်ကောင်းရင်ပေါ့ ) ” ဆိုပြီး သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

ပရိသတ်ကြီးရေ အဆိုတော် ခင်မြတ်မွန် ကတော့ တွတ်ပီကွယ်လွန်တဲ့အချိန်ကစပြီးတော့ အခုအချိန်ထိ သားဖြစ်သူနဲ့ပတ်သတ်တဲ့ အမှတ်တရတွေကို အမြဲတမ်းမျှဝေပေးနေတာပဲ ဖြစ်ပါတယ်။

ZawGyi Version

ခ်စ္စမ္း‌ေမာင္ကို ေက်းဇူးတင္စကားေျပာလိုက္တဲ့ ေရမြန္မိခင္ အန္တီခင္ျမတ္မြန္

ပရိသတ္ႀကီးေရ ေရာ့ခ္ဂီတအဆိုေတာ္ျဖစ္တဲ့ ေရမြန္ ‌(ဘပီ) ကေတာ့ ဇြန္လလယ္ေလာက္မွာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ရင္း အေနအစားဆင္းရဲခဲ့တာေၾကာင့္ မေတာ္တဆ အစာအိမ္ေသြးေၾကာေပါက္ကာ ‌ပရိသတ္ေတြကို ႐ုတ္တရတ္ ႏႈတ္ဆက္ထြက္ခြာသြားခဲ့တာဆိုရင္ လေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီပဲျဖစ္ပါတယ္။ ‌ေရမြန္ကြယ္လြန္တဲ့ေန႔က ေရာ့ခ္ဂီတကို ခ်စ္တဲ့ပရိသတ္ေတြအတြက္ အဝမ္းနည္းရဆုံးေန႔တေန႔ျဖစ္ခဲ့ပါတယ္။ ကြယ္လြန္သြားခဲ့တာ‌‌ အခ်ိန္ၾကာျမင့္ခဲ့ေပမယ့္ မိသားစုနဲ႔ခ်စ္တဲ့ပရိသတ္ေတြက ဒီေန႔ထိလြမ္းဆြတ္တမ္းတေနဆဲပါပဲ။ တြတ္ပီရဲ႕မိခင္ျဖစ္သူ အန္တီေဒၚခင္ျမတ္မြန္ ကေတာ့ တြတ္ပီနဲ႔ပတ္သတ္ၿပီး ခ်စ္စမ္းေမာင္ ကိုေက်းဇူးတင္စကားဆိုလိုက္ပါတယ္။

အဆိုေတာ္ ခင္ျမတ္မြန္ က ဒီကေန႔မွာ ခ်စ္စမ္းေမာင္ နဲ႔ေတြ႕ခဲ့တယ္ဆိုတဲ့အေၾကာင္းကို ” ဒီညေန သား မင္းသာကီ(သ႐ုပ္‌ေဆာင္)ရဲ႕ သခ်င္းေလး P.T.L မွာ ဟာမိုနီလိုက္.P.T.L မေရာက္တာၾကာၿပီ.မႏွစ္ကဟန္ေနတာသီခ်င္းဟာမိုနီကေနာက္ဆုံးဘဲ တြတ္ပီတစ္လျပည့္ ဟိုေရာက္ေနခ်ိန္ ဆရာခ်စ္ စိတ္မေကာင္းေၾကာင္း၊တြတ္ပီ အမွတ္တယေလးတစ္ခုေပးခ်င္ေၾကာင္း ျပန္ေရာက္ရင္ဆက္သြယ္ဖို႔လွမ္းဆက္တယ္ (ေက်းဇူးပါ )ျပန္ေရာက္လာေတာ့ တြတ္ပီရဲ႕ကိစၥအဝဝေျဖရွင္းလုပ္ကိုင္ေနရလို႔ ဆရာခ်စ္ဆီမဆက္သြယ္ျဖစ္ခဲ့ဘူး ဒီေန႔ P.T.L ေရာက္မွဘဲ မ်က္ႏွာပူစြာနဲ႔ ေတာင္းပန္ရတယ္. ေမာင္ေလး(ဆရာခ်စ္)ကေတာ့ၿပဳံးၿပဳံး႐ႊင္႐ြင္နဲ႔ အၿမဲေႏြးေထြးလ်က္ပါI.C စတင္ဖြဲ႕စည္းခဲ့ခ်ိန္(1989 ေလာက္ကဆရာခ်စ္ဦးဘြဲ႕ႀကီးဆီ တပည့္ခံ၊ပညာသင္ခ်ိန္) ထဲက ရင္းႏွီးခင္မင္လာခဲ့ၾကတာ..(ဘာအလိုရွိလဲ)စီးရီးေလး I.C ကေမတၱာနဲ႔တီးခတ္ေပးခဲ့ၾကတယ္ အဲ့အတြက္ေရာ တြတ္ပီအေပၚ ႀကဳံဆုံတိုင္း ေႏြးေထြးစြာ ကူညီေစာင့္ေရွာက္ေပးခဲ့လို႔ ေက်းဇူးပါ ေမာင္ေလးေရ..မိသားစုအားလုံး က်န္းမာခ်မ္းသာ ေဘးကင္းၾကပါေစ..ယုံၾကည္စြာ ဟာမိုနီအၿမဲအပ္တဲ့ သား မင္းသာကီ (ေဖါက္သည္ႀကီး)လဲေက်းဇူးပါ ဂီတခရီးလမ္းမွာ ေအာင္ျမင္စြာ ျဖတ္သန္းႏိုင္ပါေစ (ေခတ္ျပန္ေကာင္းရင္ေပါ့ ) ” ဆိုၿပီး သူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္ေနာ္။

ပရိသတ္ႀကီးေရ အဆိုေတာ္ ခင္ျမတ္မြန္ ကေတာ့ တြတ္ပီကြယ္လြန္တဲ့အခ်ိန္ကစၿပီးေတာ့ အခုအခ်ိန္ထိ သားျဖစ္သူနဲ႔ပတ္သတ္တဲ့ အမွတ္တရေတြကို အၿမဲတမ္းမွ်ေဝေပးေနတာပဲ ျဖစ္ပါတယ္။

Latest Posts

Don't Miss