Monday, November 28, 2022

Latest Posts

ခုတလော ကျန်းမာရေးသိပ်မကောင်းနေတဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ မင်းသား မင်းမော်ကွန်း

Unicode Version

ပရိသတ်ကြီးရေ ပြည်သူ့ချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားချော မင်းမော်ကွန်း ကတော့ လက်ရှိမှာ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေစဉ်အတွင်း ကျရာတာဝန်များကို ထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။ ယုံကြည်ချက်ပြင်းထန်လွန်းတဲ့ မင်းသား မင်းမော်ကွန်း ဟာ အာဏာရှင်ကို အပြီးတိုင်တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေတာလဲဖြစ်ပါတယ်။ ဒါအပြင် စစ်ကောင်စီကိုနည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

မင်းသား မင်းမော်ကွန်း ဟာ အခုတလော ကျန်းမာရေးသိပ်မကောင်းဖြစ်ချင်နေတဲ့အကြောင်းကို အရွှန်းဖောက်ပြီး ပြောထားတာကြောင့် ပရိသတ်တွေအားလုံးက သဘောကျနေကြပါတယ်။ ဒီအကြောင်းကို သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ “ခုတလောကျန်းမာရေးသိပ်မကောင်းဘူး ဘောတွေအောင့်အောင့်နေတယ် ခြင်းကြားကောင်တွေအုပ်ကြီးတွေ ဘောမတွေ ဂိန်တဲ့အကြောင်းတွေကြားပြီး ဖင်စောင့်ပျော်ရလွန်းလို့ ဗျက်ဟက်ဟက်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပြည်သူ့အချစ်တော် မင်းမော်ကွန်း ကတော့ လက်ရှိမှာ ပျော်နေပါတယ်နော်။ ချစ်တဲ့ပရိသတ်ကလဲ မင်းမော်ကွန်း နေကောင်းကျန်းမာစေဖို့ ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်း။

ZawGyi Version





Latest Posts

Don't Miss