Tuesday, November 29, 2022

Latest Posts

ခွဲခွာသွားတဲ့ ဖခင်ဖြစ်သူနဲ့ တစ်နေ့ပြန်ဆုံမယ်လို့ ဝမ်းနည်းစွာပြောလိုက်တဲ့ ထားထက်ထက်

Unicode Version

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာဆိုရင်တော ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ထားထက်ထက် ဟာဖခင်ကွယ်လွန်တဲ့နောက်ဆုံးအချိန်ကိုတောင် တွေ့ခွင့်မရခဲ့ပါဖူး။ ဒါအပြင် ဖခင်အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့တာကြောင့် ဝမ်းနည်းစွာနဲ့ ခံစားချက်တွေကို ပရိသတ်တွေကို ရင်ဖွင့်လိုက်ပါတယ်။

ထားထက်ထက် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်တာ ၆လပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ၆ လပြည့်အတွက် သူမခံစားနေရတဲ့ ခံစားချက်တွေကို ရေးသားလာခဲ့ပါတယ်။ ထားထက်ထက် ဟာသူမဖခင်ဖြစ်သူကိုလွမ်းတဲ့စိတ်နဲ့ အမြဲတွေးနေပြီး နေ့စဥ်နေ့တိုင်းဆုတောင်းမေတ္တာပို့သနေပါတယ်တဲ့။ ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူဟာ ရန်ကုန်မှာနေထိုင်တဲ့ မိခင်ဖြစ်သူကို အိမ်မက်ပေးခဲ့ပါတယ်၊ အိမ်မက်ထဲမှာတော့ ချစ်ရတဲ့သမီးနားမှာ အမြဲရှိနေပါတယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ထားထက်ထက် ဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားနေရပေမယ့် အကောင်းဆုံးဖြတ်ကျော်နိုင်ပြီး အနိုင်တိုက်ဖို့ယုံကြည်ပါတယ်။ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူလဲ ငြိမ်းချမ်းစွာ အေးချမ်းစွာ အနားယူနိုင်ပါစေ၊ တစ်နေ့တော့ပြန်ဆုံမယ်လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာတောင် နောက်ဆုံးအချိန်ထိ မတွေ့လိုက်ရတာကြောင့် ထားထက်ထက် ဟာ အခုအချိန်ထိ ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဖခင်ချစ်သမီးဖြစ်တဲ့ ထားထက်ထက် ရဲ့ ဆုံးရှုံးမူ့ဟာ အရမ်းကိုကြီးမားလွန်းတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ZawGyi Version

ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူနဲ့ တစ်နေ့ပြန်ဆုံမယ်လို့ ဝမ်းနည်းစွာပြောလိုက်တဲ့ ထားထက်ထက်




Latest Posts

Don't Miss