Sunday, November 27, 2022

Latest Posts

ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေသူတွေကို အားပေးစကားပြောလိုက်တဲ့ ဦးကျော်သက်လင်း

Unicode Version

မြန်မာ့အသံရဲ့ သတင်းကြေငြာသူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ CDM လုပ်ပြီး အားလုံးနဲ့ဝေးကွာတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့်လဲ မိသားစုရဲ့စွန့်လွှတ်ခြင်းကိုခံရပြီး တစ်ချို့မိတ်ဆွေတွေရဲ့ စိမ်းကားမူ့ကိုလဲ တွေ့ကြုံခံစားခဲ့ရပါတယ်။ ဦးကျော်သက်လင်း ဟာ အရာရာခက်ခဲ ကြမ်းတမ်းနေပေမယ့်လဲ စိတ်ဓာတ်ကတော့ ခိုင်မာပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။

သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပေမယ့်လဲ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိနေပါတယ်။ ဒါကြောင့်လဲ စိုးရိမ်စိတ်ပူပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေအတွက် စိတ်အေးရပြန်ပါတယ်။ ဦးကျော်သက်လင်း ဟာ တောထဲမှာ ရောက်ရှိနေတဲ့ ဘဝတူရဲဘော်တွေနဲ့ မြို့ပြကနေတိမ်းရှောင်လာတဲ့ သူတွေအတွက် အားပေးစကားပြောလိုက်ပါတယ်။ ” တောထဲမှာစိတ်ဓာတ်ကျတယ်ဆို ငါ့ကိုသတိရ…ငါမင်းတို့နဲ့အတူရှိတယ်။ ငါမင်းတို့နဲ့အတူလျှောက်မယ် ” လို့ ရေးသားထားတာပါ။

ဦးကျော်သက်လင်းဟာ ခက်ခဲကြမ်းတမ်းတဲ့ နေရာကိုရောက်ရှိနေပေမယ့်လဲ ကိုယ်တိုင်က စိတ်ဓာတ်မကျပဲ ဘဝတူရဲဘော်တွေအတွက် အားပေးစကားပြောထားတာ လေးစားဖွယ်ကောင်းပါတယ်နော်။ မြန်မာပြည်သူပြည်သားအားလုံး ဘေးကင်းကျန်းမာပါစေလို့ Cele Only မှ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနသူေတြကို အားေပးစကားေျပာလိုက္တဲ့ ဦးေက်ာ္သက္လင္း

ျမန္မာ့အသံရဲ႕ သတင္းေၾကျငာသူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္သက္လင္း ဟာ လက္ရွိမွာ CDM လုပ္ၿပီး အားလုံးနဲ႔ေဝးကြာတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနပါတယ္။ ဒါေၾကာင့္လဲ မိသားစုရဲ႕စြန႔္လႊတ္ျခင္းကိုခံရၿပီး တစ္ခ်ိဳ႕မိတ္ေဆြေတြရဲ႕ စိမ္းကားမူ႔ကိုလဲ ေတြ႕ႀကဳံခံစားခဲ့ရပါတယ္။ ဦးေက်ာ္သက္လင္း ဟာ အရာရာခက္ခဲ ၾကမ္းတမ္းေနေပမယ့္လဲ စိတ္ဓာတ္ကေတာ့ ခိုင္မာျပတ္သားေနဆဲပဲ ျဖစ္ပါတယ္။

သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနေပမယ့္လဲ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မပ်က္ရွိေနပါတယ္။ ဒါေၾကာင့္လဲ စိုးရိမ္စိတ္ပူၿပီး ခ်စ္ေပးၾကတဲ့ ပရိသတ္ေတြနဲ႔ မိတ္ေဆြေတြအတြက္ စိတ္ေအးရျပန္ပါတယ္။ ဦးေက်ာ္သက္လင္း ဟာ ေတာထဲမွာ ေရာက္ရွိေနတဲ့ ဘဝတူရဲေဘာ္ေတြနဲ႔ ၿမိဳ႕ျပကေနတိမ္းေရွာင္လာတဲ့ သူေတြအတြက္ အားေပးစကားေျပာလိုက္ပါတယ္။ ” ေတာထဲမွာစိတ္ဓာတ္က်တယ္ဆို ငါ့ကိုသတိရ…ငါမင္းတို႔နဲ႔အတူရွိတယ္။ ငါမင္းတို႔နဲ႔အတူေလွ်ာက္မယ္ ” လို႔ ေရးသားထားတာပါ။

ဦးေက်ာ္သက္လင္းဟာ ခက္ခဲၾကမ္းတမ္းတဲ့ ေနရာကိုေရာက္ရွိေနေပမယ့္လဲ ကိုယ္တိုင္က စိတ္ဓာတ္မက်ပဲ ဘဝတူရဲေဘာ္ေတြအတြက္ အားေပးစကားေျပာထားတာ ေလးစားဖြယ္ေကာင္းပါတယ္ေနာ္။ ျမန္မာျပည္သူျပည္သားအားလုံး ေဘးကင္းက်န္းမာပါေစလို႔ Cele Only မွ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss