Tuesday, December 6, 2022

Latest Posts

ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သတ်ပြီး သံဝေဂတရားရနေတဲ့ နန်းမြတ်ဖြိုးသင်း

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ကတော့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှု့ကို ရရှိထားတဲ့မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမပါဝင်ရိုက်ကူးခဲ့တဲ့ ဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ရွှေမိုး၊ငွေမိုး၊သွန်းဖြိုးလို့ရွာ” ဆိုတဲ့ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ချစ်ခင်မှု့ကို ပိုမိုရရှိခဲ့ပါတယ်‌။ သရုပ်ဆောင်မှာတော်ရုံမက သီချင်းသီဆိုရာမှာလဲ ချိုသာလွန်းတဲ့ အသံပိုင်ရှင်ဖြစ်တာကြောင့် အဆိုတော်အဖြစ် အောင်မြင်မှု့ရရှိခဲ့ပါသေးတယ်။ အများလေးစားအားကျရပြီး အောင်မြင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ကံမကောင်းစွာနဲ့ပဲ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ခင်ပွန်းဖြစ်သူ ဟာ ကိုဗစ်တတိယလှိုင်းမှာ ရုတ်တရတ်ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်းကွယ်လွန်သွားခဲ့ပြီးနောက် ချစ်ဖို့ကောင်းတဲ့ ဂျက်ဂျက် နဲ့ ဂျူးဂျူးလို့ ခေါ်တဲ့ ရင်သွေးလေးနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်း ဟာ ရင်သွေးလေးနှစ်ဦးအတွက် မိခင်တာဝန်အပြင် ဖခင်တာဝန်ကိုပါ ကျေပွန်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့လေးနှစ်တာပဲ ပေါင်းသင်းခဲ့ရပြီး ရုတ်တရတ်ကွယ်လွန်သွားခဲ့တာကြောင့် အမှတ်တရတွေကြုံလာတိုင်း သတိရလွမ်းဆွတ်နေတာပဲ ဖြစ်ပါတယ်။ လောကဓံတရားကို သံဝေဂရနေတဲ့ နန်းမြတ် ဟာ ” ဘဝကြီးမှာပျော်စရာအချိန်တွေဟာ ရုတ်တရက်ကြီးလွမ်းမောစရာ ဖြစ်သွားတတ်တာပါလားဆိုတာ လောကဓံကသင်ပြခဲ့တယ် လူကောင်းတွေကျတော့လဲ ကြာကြာမနေရပါလားနော် ” လို့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ခင်ပွန်းဖြစ်သူနဲ့ ပတ်သတ်ပြီး အမှတ်တရတွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။

Cele Only ပရိသတ်ကြီးရေ လောကဓံတရား ရဲ့ လှည့်ကွက်ထဲမှာ ပါဝင်သွားခဲ့တဲ့ နန်းမြတ် ရဲ့ခင်ပွန်းအတွက် ကတော့ စိတ်မကောင်းစရာပါပဲနော်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့လို့ အမှတ်တရတွေကို ပြန်လည်သတိရတမ်းတနေတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းအတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်း။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss