Tuesday, November 29, 2022

Latest Posts

ကွယ်လွန်သွားတဲ့မိခင်ရဲ့ အဝတ်အစားတွေကို ဖြန့်ခင်းပြီးအနားမှာအတူအိပ်နေဆဲဖြစ်တဲ့ သရုပ်ဆောင် မင်းညီ

Unicode Version

မဂ်လာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် ဒါရိုက်တာ မင်းညီ ကတော့ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ မင်းညီ ရဲ့မိခင်ကြီး‌ကတော့ ဇူလိုင်လ (၂၃) ရက်နေ့တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါ တယ်။ ကွယ်လွန် သွားတဲ့မိခင်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ အမြဲမပြတ် ပြုလုပ် ပေးနေတာကြတာဖြစ်ပါတယ်။

သရုပ်ဆောင် မင်းညီ ဟာ အောက်ဆီဂျင်ကျနေတဲ့ မိခင်ကို ဆေးရုံတင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် အဆင်မပြေ သွားတဲ့ အဖြစ်ကြောင့် အခုချိန်ထိ ယူကြုံးမရ ဝမ်းနည်းနေတာ ဖြစ်ပါ တယ်။ မကြာသေးခင် နာရီပိုင်းက လည်း မင်းညီ ရဲ့လူမှုကွန်ယက် တွင် ဓာတ်ပုံ လေးတစ် ပုံ ဝေမျှ ပေးလာခဲ့ တာပဲ ဖြစ်ပါ တယ်။ ဒါကတော့ ဆုံးပါးသွားတဲ့ မိခင်ရဲ့အဝတ် အစားတွေကို ဖြန့်ခင်းပြီး အမေ အနားမှာ ရှိနေ သေးတယ် အမှတ်နဲ့ အတူတူ အိပ် နေ တဲ့ ပုံလေးတစ်ပုံကို ဝမ်းနည်းစွာဖြင့် မျှဝေ ပေးလာတာ ဖြစ်ပါတယ်။ မိခင်ကွယ်လွန်သွားတာ တစ်လပြည့်ပြီ ဖြစ်ပေမယ့်လည်း အနားမှာ အတူတူ ရှိနေ တဲ့ အကြောင်းကို လည်း ရေးသား ထားတာ ဖြစ် ပါတယ်။

မင်းညီ ဟာ မိခင်ဖြစ်သူ သက်ရှိ ထင်ရှားရှိ နေစဉ်အတွင်းမှာလည်း လိုလေ သေးမရှိအောင် ဂရုစိုက် ခဲ့တဲ့ သားလိမ္မာလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းညီ ဝေမျှ ပေးထားတဲ့ ပုံကို ကြည့်ပြီး မိခင်ကို ဆုံးရှုံးလိုက် ရတဲ့ သားဖြစ် သူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနာမိကြောင်း comment များတွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။ မင်းညီ ရဲ့ မိခင်လည်း သားဖြစ်သူပြုလုပ်ပေးနေတဲ့ ကုသိုလ် ကောင်းမှုတွေကြောင့် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူ နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss