Monday, November 28, 2022

Latest Posts

ကွယ်လွန်သွားခဲ့တဲ့ “Snowdrop” ဇာတ်လမ်းတွဲ ထဲကမင်းသမီး Kim Mi Soo

Unicode Version

ဇန်န၀ါရီ ၅ ရက်တွင် အသက် ၃၁ နှစ် မင်းသမီး Kim Mi Soo ကွယ်လွန်သွားပြီးဖြစ်ကြောင်း သူမ၏ Landscape Entertainment ကတရား၀င်ထုတ်ပြန်ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

“မင်းသမီး Kim Mi Soo ရဲ့ Landscape Entertainmentကပါ။ ၀မ်းနည်းဖွယ်ရာအကောင်းဆုံးနှင့် ကြေကွဲဖွယ် သတင်းကိုထုတ်ပြန်မှာပဲဖြစ်ပါတယ်။ မင်းသမီး Kim Mi Soo ဟာ ဇန်န၀ါရီ ၅ ရက် နေ့မှာရုတ်တရက် ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ Kim Mi soo ရဲ့ မိသားစု ဟာအလွန်ကို ၀မ်းနည်းကြေကွဲနေရပါတယ်။ မင်းသမီးနဲ့ ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေနဲ့ ကော‌လဟာလ များကို ရှောင်ကြဥ် ကြဖို့ အတွက်မှာကြားလိုပါတယ် ” လို့ သူမရဲ့ အေဂျင်စီကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

စျာပန ကို မိသားစုရဲ ဆန္ဒအရ သီးသန့်ကျင်းပမှာပဲဖြစ်တယ်လို့ ကြားသိရပါတယ်။ မင်းသမီး Kim Mi Soo ဟာလက်ရှိတွင် JTBC ဒရာမာ ဇာတ်လမ်းတွဲ Snowdrop တွင် Yeo Jing Min အဖြစ် အခန်းအနည်းငယ်ပါ၀င်ခဲ့ရာမှ အခုတော့ အပြီးတိုင်နှုတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။
Blackpink အဖွဲ့ ၀င် Jisoo နဲ့လည်းရင်းနှီးတဲ့ သူငယ်ချင်း တွေဖြစ်ကြပါတယ်။ Jisoo လေးကတော့၀မ်းနည်းနေတော့မှာပဲ။

Snowdrop ဇာတ်လမ်းတွဲ ကတော့ သူမရဲ့ နောက်ဆုံးပါ၀င်ခဲ့တဲ့ ဇာတ်လမ်းတွဲအနေနဲ့ ကျန်ရစ်ခဲ့မှာပဲဖြစ်ပါတယ်။ Snowdrop အပြင် Netflix ၏ “The Schook Nurse Files” KBS2 ၏ “One Night’, tvN ၏ “Hi Bye,Mama” နှင့်အခြားဒရာမာများတွင်လည်းသရုပ်‌ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

မင်းသမီး အတွက်တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ကောင်းရာမွန်ရာရောက်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်ရှင်။

Zawgyi Version

ကြယ္လြန္သြားခဲ့တဲ့ “Snowdrop” ဇာတ္လမ္းတြဲ ထဲကမင္းသမီး Kim Mi Soo

ဇန္န၀ါရီ ၅ ရက္တြင္ အသက္ ၃၁ ႏွစ္ မင္းသမီး Kim Mi Soo ကြယ္လြန္သြားၿပီးျဖစ္ေၾကာင္း သူမ၏ Landscape Entertainment ကတရား၀င္ထုတ္ျပန္ေၾကျငာခဲ့တာပဲျဖစ္ပါတယ္။

“မင္းသမီး Kim Mi Soo ရဲ႕ Landscape Entertainmentကပါ။ ၀မ္းနည္းဖြယ္ရာအေကာင္းဆုံးႏွင့္ ေၾကကြဲဖြယ္ သတင္းကိုထုတ္ျပန္မွာပဲျဖစ္ပါတယ္။ မင္းသမီး Kim Mi Soo ဟာ ဇန္န၀ါရီ ၅ ရက္ ေန႔မွာ႐ုတ္တရက္ ကြယ္လြန္သြားခဲ့တာပဲျဖစ္ပါတယ္။ Kim Mi soo ရဲ႕ မိသားစု ဟာအလြန္ကို ၀မ္းနည္းေၾကကြဲေနရပါတယ္။ မင္းသမီးနဲ႔ ပတ္သက္တဲ့ ထင္ျမင္ယူဆခ်က္ေတြနဲ႔ ေကာ‌လဟာလ မ်ားကို ေရွာင္ၾကဥ္ ၾကဖို႔ အတြက္မွာၾကားလိုပါတယ္ ” လို႔ သူမရဲ႕ ေအဂ်င္စီကထုတ္ျပန္ထားတာပဲျဖစ္ပါတယ္။

စ်ာပန ကို မိသားစုရဲ ဆႏၵအရ သီးသန႔္က်င္းပမွာပဲျဖစ္တယ္လို႔ ၾကားသိရပါတယ္။ မင္းသမီး Kim Mi Soo ဟာလက္ရွိတြင္ JTBC ဒရာမာ ဇာတ္လမ္းတြဲ Snowdrop တြင္ Yeo Jing Min အျဖစ္ အခန္းအနည္းငယ္ပါ၀င္ခဲ့ရာမွ အခုေတာ့ အၿပီးတိုင္ႏႈတ္ဆက္ခဲ့တာပဲျဖစ္ပါတယ္။
Blackpink အဖြဲ႕ ၀င္ Jisoo နဲ႔လည္းရင္းႏွီးတဲ့ သူငယ္ခ်င္း ေတြျဖစ္ၾကပါတယ္။ Jisoo ေလးကေတာ့၀မ္းနည္းေနေတာ့မွာပဲ။

Snowdrop ဇာတ္လမ္းတြဲ ကေတာ့ သူမရဲ႕ ေနာက္ဆုံးပါ၀င္ခဲ့တဲ့ ဇာတ္လမ္းတြဲအေနနဲ႔ က်န္ရစ္ခဲ့မွာပဲျဖစ္ပါတယ္။ Snowdrop အျပင္ Netflix ၏ “The Schook Nurse Files” KBS2 ၏ “One Night’, tvN ၏ “Hi Bye,Mama” ႏွင့္အျခားဒရာမာမ်ားတြင္လည္းသ႐ုပ္‌ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။

မင္းသမီး အတြက္တကယ္ကိုစိတ္မေကာင္းျဖစ္ရပါတယ္။ ေကာင္းရာမြန္ရာေရာက္ပါေစလို႔လည္းဆုေတာင္းေပးလိုက္ရပါတယ္ရွင္။

Latest Posts

Don't Miss