Sunday, November 27, 2022

Latest Posts

ကြယ်မိုးကလည်း မနီးရသေးတဲ့ ချစ်သူလိုပဲ မဆုံလိုက်ရပြန်ဘူးလို့ ဝမ်းနည်းစွာပြောလိုက်တဲ့ မူးလာ

Unicode Version

ပရိသတ်ကြီးရေ ကရင်တိုင်းရင်းသား အဆိုတော်လေးတစ်ဦးဖြစ်တဲ့ စောခရစ် မူးလာ ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယျဥ်ပြိုင်ခဲ့ပြီးတော့ Top 4 ထိတတ်ရောက်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိခဲ့တဲ့ မူးလာ ဟာ ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော်လေးတစ်ဦးဖြစ်ပါတယ်နော်။ ဆံပင်ရှည်လေးနဲ့ဆွဲဆောင်မှု့ရှိတဲ့ မူးလာ က မိန်းကလေးပရိသတ်တွေရဲ့ အသဲစွဲချစ်ခင်ရသူတစ်ဦးလဲဖြစ်ပါတယ်။ ဒါအပြင် မူးလာ ဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးရပြန်ပါတယ်။ လက်ရှိမှာ အဆိုတော် စောခရစ် မူးလာ ဟာ လွတ်မြောက်နယ်မြေမှာရောက်ရှိနေပါတယ်။

အဆိုတော် မူးလာ ဟာ ၅၀၅ က ကြောင့် တိမ်းရှောင်နေရပေမယ့် အမှန်တရားအတွက် ကျရာတာဝန်တွေကိုထမ်းဆောင်နေပါတယ်။ မူးလာ က သူ့ရဲ့မိခင်ဖြစ်သူကို လွမ်းတယ်ဆိုတဲ့အကြောင်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်အကောင့်မှာ ရေးသားလေ့ရှိတာကိုလဲတွေ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ မူးလာ တို့အတွက် ဒီဇင်ဘာလ ရဲ့အအေးဒဏ်ကအရမ်းကြမ်းတမ်းပါတယ်တဲ့။ ဒီဇင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ရက်နေ့တွေမှာ ကြယ်မိုး ရွာမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကြောင့် မူးလာ ဟာ ကြယ်မိုး ကိုစောင့်ကြည့်နေတယ်ဆိုတဲ့အကြောင်းကို ” ကြယ်မိုးကလည်း မနီးရသေးတဲ့ ချစ်သူလိုပဲ ကြည့်ဖို့ကြံကာမှ မြူတွေဆိုင်းပြီး တုန်တုန်နဲ့ ဖျားချင်လာပြီဟ ကံကိုကမကောင်း …ထုံးစံအတိုင်းပဲ မမြင်လိုက်ရဘူး ထုံးစံအတိုင်းပဲ မကြုံဆုံလိုက်ရဘူး ” လို့ သူ့ရဲ့ဖေ့ဘွတ်မှာ ကြယ်မိုး ဟာ ချစ်သူလိုပဲ မကြုံလိုက်ရပြန်ဘူးလို့ ဝမ်းနည်းစွာ‌ရေးသားထားတာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

ပရိသတ်ကြီးရေ … အေးလွန်းတဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နဲ့ ၁၅ရက် ညသန်းခေါင်ကနေ မနက်အာရုံမတက်ခင် ထိ အများဆုံးမြင်ရမှာဖြစ်ပြီး တစ်နာရီကို ကြယ်မိုးပေါင်း ၁၀၀ လောက်ထိမြင်ရမှာဖြစ်တာကြောင့် ပရိသတ်ကြီးလဲ မူးလာနဲ့အတူ စောင့်ကြည့်ဖို့မမေ့ကြနဲ့နော်။

ZawGyi Version

ၾကယ္မိုးကလည္း မနီးရေသးတဲ့ ခ်စ္သူလိုပဲ မဆုံလိုက္ရျပန္ဘူးလို႔ ဝမ္းနည္းစြာေျပာလိုက္တဲ့ မူးလာ

ပရိသတ္ႀကီးေရ ကရင္တိုင္းရင္းသား အဆိုေတာ္ေလးတစ္ဦးျဖစ္တဲ့ ေစာခရစ္ မူးလာ ကေတာ့ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ေရာက္ယ်ဥ္ၿပိဳင္ခဲ့ၿပီးေတာ့ Top 4 ထိတတ္ေရာက္ႏိုင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈ႕ကို တစ္ခဲနက္ရရွိခဲ့တဲ့ မူးလာ ဟာ ေရာ့ခ္သီခ်င္းေတြကို ပိုင္ပိုင္ႏိုင္ႏိုင္ သီဆိုႏိုင္တဲ့ အဆိုေတာ္ေလးတစ္ဦးျဖစ္ပါတယ္ေနာ္။ ဆံပင္ရွည္ေလးနဲ႔ဆြဲေဆာင္မႈ႕ရွိတဲ့ မူးလာ က မိန္းကေလးပရိသတ္ေတြရဲ႕ အသဲစြဲခ်စ္ခင္ရသူတစ္ဦးလဲျဖစ္ပါတယ္။ ဒါအျပင္ မူးလာ ဟာ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ျပတ္ျပတ္သားသား ရပ္တည္ခဲ့တာေၾကာင့္ ပရိသတ္ေတြက ပိုမိုခ်စ္ခင္အားေပးရျပန္ပါတယ္။ လက္ရွိမွာ အဆိုေတာ္ ေစာခရစ္ မူးလာ ဟာ လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနပါတယ္။

အဆိုေတာ္ မူးလာ ဟာ ၅၀၅ က ေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္ အမွန္တရားအတြက္ က်ရာတာဝန္ေတြကိုထမ္းေဆာင္ေနပါတယ္။ မူးလာ က သူ႔ရဲ႕မိခင္ျဖစ္သူကို လြမ္းတယ္ဆိုတဲ့အေၾကာင္းေတြကို သူ႔ရဲ႕ကိုယ္ပိုင္ေဖ့ဘြတ္အေကာင့္မွာ ေရးသားေလ့ရွိတာကိုလဲေတြ႕ရပါတယ္။ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတဲ့ မူးလာ တို႔အတြက္ ဒီဇင္ဘာလ ရဲ႕အေအးဒဏ္ကအရမ္းၾကမ္းတမ္းပါတယ္တဲ့။ ဒီဇင္ဘာလ ၁၄ ရက္ေန႔နဲ႔ ၁၅ရက္ေန႔ေတြမွာ ၾကယ္မိုး ႐ြာမယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ေတြေၾကာင့္ မူးလာ ဟာ ၾကယ္မိုး ကိုေစာင့္ၾကည့္ေနတယ္ဆိုတဲ့အေၾကာင္းကို ” ၾကယ္မိုးကလည္း မနီးရေသးတဲ့ ခ်စ္သူလိုပဲ ၾကည့္ဖို႔ႀကံကာမွ ျမဴေတြဆိုင္းၿပီး တုန္တုန္နဲ႔ ဖ်ားခ်င္လာၿပီဟ ကံကိုကမေကာင္း …ထုံးစံအတိုင္းပဲ မျမင္လိုက္ရဘူး ထုံးစံအတိုင္းပဲ မႀကဳံဆုံလိုက္ရဘူး ” လို႔ သူ႔ရဲ႕ေဖ့ဘြတ္မွာ ၾကယ္မိုး ဟာ ခ်စ္သူလိုပဲ မႀကဳံလိုက္ရျပန္ဘူးလို႔ ဝမ္းနည္းစြာ‌ေရးသားထားတာေၾကာင့္ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ပရိသတ္ႀကီးေရ … ေအးလြန္းတဲ့ ဒီဇင္ဘာလ ၁၄ ရက္ေန႔ နဲ႔ ၁၅ရက္ ညသန္းေခါင္ကေန မနက္အာ႐ုံမတက္ခင္ ထိ အမ်ားဆုံးျမင္ရမွာျဖစ္ၿပီး တစ္နာရီကို ၾကယ္မိုးေပါင္း ၁၀၀ ေလာက္ထိျမင္ရမွာျဖစ္တာေၾကာင့္ ပရိသတ္ႀကီးလဲ မူးလာနဲ႔အတူ ေစာင့္ၾကည့္ဖို႔မေမ့ၾကနဲ႔ေနာ္။

Latest Posts

Don't Miss