Saturday, December 3, 2022

Latest Posts

ကံဆိုးမှု့တွေ အမြန်ဆုံးပြီးဆုံးပါစေလို့ ဆုတောင်းလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

Unicode Version

သရုပ်ဆောင်အဆိုတော် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်း ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ပီပြင်လွန်းရုံမက သီချင်းသီဆိုတဲ့နေရာမှာလဲ တော်လွန်းတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ ချိုသာတဲ့အပြုံးလေးကိုပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေလေးစားချစ်ခင်ရတဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်။ နန်းမြတ် ကတော့ အိမ်ထောင်ကျပြီးနောက် အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေဆဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကိုဗစ်ကြောင့် ကွယ်လွန်သွားခဲ့တာကြောင့် လက်ရှိမှာ ကလေး၂ယောက်နဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနေရတာပဲဖြစ်ပါတယ်။ ဒါကြောင့် နန်းမြတ် ဟာ မုန်းစရာကောင်းတဲ့ ၂၀၂၁ ကြီးကိုအမြန်ဆုံးကုန်ဆုံးချင်ပြီလို့ ရင်ဖွင့်လိုက်ပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ ၂၀၂၁ ခုနှစ်ကြီးကတော့ သူမအတွက်တော့အရမ်းကိုကံဆိုးလွန်းတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ သူမချစ်ရတဲ့ခင်ပွန်းဖြစ်သူ ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့ပြီး မြန်မာပြည်ကလဲ ကပ်ရောဂါဘေးတွေ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အရမ်းကိုခက်ခဲတဲ့ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူမအတွက်ကံဆိုးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကြီးကိုအမြန်ဆုံးကုန်ဆုံးပြီးတော့ ကံကောင်းမှု့တွေ ရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ” မုန်းစရာကောင်းတဲ့2021ကိုကုန်ဖို့တစ်လပဲလိုတော့တယ် 2020မှာဆိုးလှပီမှတ်တာ2021မှာပိုဆိုးခဲ့တယ် 2022မှာရောဘာတွေဖြစ်လာဦးမလဲမသိနိုင်ဘူး ဒီဘဝဒီခန္ဓာရှိနေသ၍ရုန်းကန်ရဦးမှာပါပဲ ဘယ်အရာမှမမြဲဘူးဆိုတဲ့အတိုင်း အဆိုးတွေအမြန်ပြီးပါစေပဲဆုတောင်းပါတယ် ” လို့ နန်းမြတ် ဟာ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာမှာ ရေးသားထားတဲ့ သတင်းလေးကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ပရိသတ်ကြီးရေ ၂၀၂၁ မှာကံဆိုးမှု့တွေ ကြုံတွေ့ခဲ့ရတဲ့ နန်းမြတ် အတွက်ဆုတောင်းအားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ သယာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version

ကံဆိုးမႈ႕ေတြ အျမန္ဆုံးၿပီးဆုံးပါေစလို႔ ဆုေတာင္းလိုက္တဲ့ နန္းျမတ္ၿဖိဳးသင္း

သ႐ုပ္ေဆာင္အဆိုေတာ္ မင္းသမီးေခ်ာေလး နန္းျမတ္ၿဖိဳးသင္း ကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ပီျပင္လြန္း႐ုံမက သီခ်င္းသီဆိုတဲ့ေနရာမွာလဲ ေတာ္လြန္းတဲ့ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။ သူမဟာ ခ်ိဳသာတဲ့အၿပဳံးေလးကိုပိုင္ဆိုင္ထားၿပီးေတာ့ ပရိသတ္ေတြေလးစားခ်စ္ခင္ရတဲ့ မင္းသမီးေခ်ာေလးတစ္လက္ျဖစ္ပါတယ္။ နန္းျမတ္ ကေတာ့ အိမ္ေထာင္က်ၿပီးေနာက္ အႏုပညာလႈပ္ရွားမႈ႕ေတြမရွိေတာ့ေပမယ့္ ပရိသတ္ေတြကေတာ့ ခ်စ္ခင္အားေပးေနဆဲျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူကိုဗစ္ေၾကာင့္ ကြယ္လြန္သြားခဲ့တာေၾကာင့္ လက္ရွိမွာ ကေလး၂ေယာက္နဲ႔ ဘဝခရီးလမ္းကို ေလွ်ာက္လွမ္းေနရတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ နန္းျမတ္ ဟာ မုန္းစရာေကာင္းတဲ့ ၂၀၂၁ ႀကီးကိုအျမန္ဆုံးကုန္ဆုံးခ်င္ၿပီလို႔ ရင္ဖြင့္လိုက္ပါတယ္။

သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္း ရဲ႕ ၂၀၂၁ ခုႏွစ္ႀကီးကေတာ့ သူမအတြက္ေတာ့အရမ္းကိုကံဆိုးလြန္းတဲ့ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္။ သူမခ်စ္ရတဲ့ခင္ပြန္းျဖစ္သူ ကိုဗစ္ေၾကာင့္ကြယ္လြန္ခဲ့ၿပီး ျမန္မာျပည္ကလဲ ကပ္ေရာဂါေဘးေတြ ႏိုင္ငံေရးအက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ အရမ္းကိုခက္ခဲတဲ့ကာလတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ သူမအတြက္ကံဆိုးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ႀကီးကိုအျမန္ဆုံးကုန္ဆုံးၿပီးေတာ့ ကံေကာင္းမႈ႕ေတြ ရရွိပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။ ” မုန္းစရာေကာင္းတဲ့2021ကိုကုန္ဖို႔တစ္လပဲလိုေတာ့တယ္ 2020မွာဆိုးလွပီမွတ္တာ2021မွာပိုဆိုးခဲ့တယ္ 2022မွာေရာဘာေတြျဖစ္လာဦးမလဲမသိႏိုင္ဘူး ဒီဘဝဒီခႏၶာရွိေနသ၍႐ုန္းကန္ရဦးမွာပါပဲ ဘယ္အရာမွမၿမဲဘူးဆိုတဲ့အတိုင္း အဆိုးေတြအျမန္ၿပီးပါေစပဲဆုေတာင္းပါတယ္ ” လို႔ နန္းျမတ္ ဟာ သူမရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာမွာ ေရးသားထားတဲ့ သတင္းေလးကိုျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္။

ပရိသတ္ႀကီးေရ ၂၀၂၁ မွာကံဆိုးမႈ႕ေတြ ႀကဳံေတြ႕ခဲ့ရတဲ့ နန္းျမတ္ အတြက္ဆုေတာင္းအားေပးစကားေလးေတြကို ေကာမန႔္မွာ ေရးသားသြားေပးခဲ့ပါအုန္းေနာ္။ အခ်ိန္ေပးဖတ္ရႈ႕ေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။ သယာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Latest Posts

Don't Miss