Tuesday, November 29, 2022

Latest Posts

ကောက်ကျစ်တတ်မှ လူကြီးလို့သတ်မှတ်ရင် အမြဲတမ်း ကလေးပဲဖြစ်ချင်တယ် ဆိုတဲ့ ဟိန်းထက်

Unicode Version

သရုပ်ဆောင် ဟိန်းထက် ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင် ပီပြင်တာကြောင့်ရယ် ချစ်ဖို့ကောင်းပြီး အပြုံးလေးတွေက ဆွဲဆောင်မှုရှိတာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောပဲဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသား ဟိန်းထက် ကတော့ အလှူအတန်းတွေမှာလဲ ရက်ရက်ရောရောရှိသူ တစ်ဦးလဲဖြစ်ပါတယ်။ ဟိန်းထက်က တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကရဲရဲဝံဝံ ပါဝင်ခဲ့ပါတယ်။ ဟိန်းထက် ကလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကိုလက်နက်ကိုင်ပြီး တော်လှန်နေတာလည်းဖြစ်ပါတယ်။

တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တယ်ဆိုပေမယ့်လဲ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တော်လှန်ရေးနဲ့ ပတ်သတ်ပြီး အနည်းငယ်မျှသာ တင်လေ့ရှိတဲ့အတွက် ပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။ လွတ်မြောက်နယ်မြေကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မိသားစုဝင်တွေကို တောင်အသိမပေးဘဲထွက်လာခဲ့တာပါ။ ဒီကနေ့မှာတော့ မင်းသား ဟိန်းထက် ဟာ ကောက်ကျစ်တတ်မှ လူကြီးလို့သတ်မှတ်ရင်ကျနော် အမြဲကလေးပဲဖြစ်ချင်တယ်လို့ ပြောလိုက်ပါတယ်။ ” လှည့်ဖျားကောက်ကျစ်တတ်မှ လူကြီးလို့သတ်မှတ်ရင်ကျနော် အမြဲ ကလေးပဲဖြစ်ချင်တယ် အဓမ္မကိုဓမ္မနဲ့တွန်းလှန်မယ် ” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

စာဖတ်ပရိသတ်ကြီးရေ မင်းသား ဟိန်းထက် လိုမျိုး ကလေးဘဝကို ပြန်ရောက်ချင်လား??? ဖြေခဲ့ပါအုန်း။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

ကောက်ကျစ်တတ်မှ လူကြီးလို့သတ်မှတ်ရင်ကျနော် အမြဲကလေးပဲဖြစ်ချင်တယ် ဆိုတဲ့ ဟိန်းထက်




Latest Posts

Don't Miss