Tuesday, November 29, 2022

Latest Posts

ကိုဗစ်ကြောင့် မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရတာကြောင့် သီလရှင်ဝတ်လိုက်တဲ့ မိုးပြည့်ပြည့်မောင်

Unicode Version

ပရိသတ်ကြီးရေ မင်းသမီး မိုးပြည့်ပြည့်မောင် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ မိုးပြည့်ပြည့်မောင် ကအနုပညာအလုပ်တွေကိုလုပ်ကိုင်ခြင်းမရှိတော့ ပေမဲ့ ပရိသတ်တွေကတော့ မိုးပြည့်ရယ်လို သတိတရရှိနေကြစဲပါ။ မိုးပြည့် ကတော့ ကိုဗစ်ကာလမှာ သူကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခံခဲ့ရပြီး ချစ်ရတဲ့ မိသားစုဝင်တွေကိုပါဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့် သံ​ဝေဂတရားများစွာနဲ့ မိုးပြည့် ကတော့ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ကြောင်းကို ပရိသတ်တွေကို အသိပေးထားပါတယ်။

“ကျမတို့မိသားစုလိုက် ကိုဗစ်ဖြစ်သွားတာရော,,အတူနေတဲ့မိုးပြည့်ကိုငယ်ငယ်ထဲကထိန်းသိမ်းစောင့်ရှောက်ပြီးအခုကီးလေးကိုပါထိန်းပေးတဲ့အရမ်းချစ်ရတဲ့အဒေါ်ငဗစ်ကြောင့်ဆုံးရှုံးလိုက်ရတယ်.,မေမေ့ကိုလဲအခုချိန် ထိအောက်စီဂျင်ပေးပြီးအသက်မနည်းလုခဲ့ရတယ် ..ဒီကြားထဲမှာမိုးပြည့်ချစ်ရတဲ့တစ်ချို့ပြည်သူတစ်ယောက်ချင်းစီက လဲရောဂါကပ် ဘေး ကြောင့်ရောအခြားအကြောင်းအမျိုးမျိုးကြောင့်ရောအသက် တွေဆုံးရှုံးနေကြရတာကြားသိရ တော့ပိုပြီးဝမ်းနည်းခံစားရပါတယ်,မိုးပြည့်ကိုယ်တိုင် လဲအသက်ရှင်ဖို့မနည်းကြိုးစားရုန်းကန်ခဲ့ရတဲ့အချိန်ဆေးရုံမှာသိလိုက်ရတဲ့အသိတခုက တော့လူ တွေကမွေးလာကတည်းကလဲအသက်ရှင်အောင် ကြိုးစားခဲ့ရသလို,သေဖို့ကိုလဲခက်ခက်ခဲခဲနဲ့မသေအောင်ရုန်းထွက်ကြရတယ်..သေသွားတော့လဲခံစားရတာတွေပြီးသွားချုပ်သွားပြန်ရော. .အဲ့တော့အဲ့ဒိနှစ် ခုကြားမှာဖြတ် သန်းနေကြရတဲ့ကျမတို့တွေအသက်ရှင်ကျန်ခဲ့တဲ့သူတိုင်းစိတ်ရောလူရောအရမ်းပင်ပန်းနေကြမယ်ဆိုတာထပ်တူခံစားရပါတယ်,ဒါပေမဲ့လဲဘဝကိုအ ရှုံးမပေးပဲ ရအောင်ပြန်ထကြပါ, ကို့ကိုယ်ကိုအရင်ကထပ်ပိုပြီးတန်ဖိုးထားကြပါ..ခက်ခဲစွာရှင်သန်ရတဲ့ဘဝကြီးကိုလကားမ ဖြစ် ပါစေနဲ့လူတိုင်းလူတိုင်းကို့ဘာသာကြီးသုံးပါးမှလဲကင်းဝေးလွတ်မြောက်နိုင်ကြပါစေနဲ့ကိုယ်,ဘာသာရေးတွေပိုလုပ်ကြပြီးကျန်းမာပျော်ရွှင်စွာနဲ့အသက်ရှည်ရှည်နေထိုင်သွားစေချင်မိတယ် မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေ…ကပ် (ဆရာလုပ်တာမဟုတ်ပါဘူးနော်မိုးပြည့်ရင်ထဲကတစ်ကယ့်စေတနာပါ…အမှားပါရင်ခွင့်လွှတ်ကြပါနော်) “လို့ သူမရဲ့ လူမှု့စာမျက်နှာမှာ ရေးသားထားပါတယ်။

မိုးပြည့် က သူကိုယ်တိုင်လည်း ချစ်တဲ့သူတွေဆုံးရှုံးခဲ့ရသလို ချစ်ရတဲ့ ပရိသတ်တစ်ချို့လည်း ကပ်ဘေးတွေကြောင့် အသက်ဆုံးရှုံးရတဲ့ သတင်းတွေကြားရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ကြောင်းနဲ့ ကျန်းမာရေးတွေကောင်းမွန်အောင် နေထိုင်ကြဖို့လည်း အားပေးတိုက်တွန်းထားပါတယ်။

ZawGyi Version

ကိုဗစ္ေၾကာင့္ မိသားစုဝင္ေတြကို ဆုံးရႈံးခဲ့ရတာေၾကာင့္ သီလရွင္ဝတ္လိုက္တဲ့ မိုးျပည့္ျပည့္ေမာင္

ပရိသတ္ႀကီးေရ မင္းသမီး မိုးျပည့္ျပည့္ေမာင္ ကေတာ့ အႏုပညာနယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ ထိပ္တန္းမင္းသမီးေတြထဲမွာ တစ္ေယာက္အပါအဝင္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာ မိုးျပည့္ျပည့္ေမာင္ ကအႏုပညာအလုပ္ေတြကိုလုပ္ကိုင္ျခင္းမရွိေတာ့ ေပမဲ့ ပရိသတ္ေတြကေတာ့ မိုးျပည့္ရယ္လို သတိတရရွိေနၾကစဲပါ။ မိုးျပည့္ ကေတာ့ ကိုဗစ္ကာလမွာ သူကိုယ္တိုင္လည္း ကိုဗစ္ကူးစက္ခံခဲ့ရၿပီး ခ်စ္ရတဲ့ မိသားစုဝင္ေတြကိုပါဆုံးရႈံးလိုက္ရပါတယ္။ ဒါေၾကာင့္ သံ​ေဝဂတရားမ်ားစြာနဲ႔ မိုးျပည့္ ကေတာ့ သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့ေၾကာင္းကို ပရိသတ္ေတြကို အသိေပးထားပါတယ္။

“က်မတို႔မိသားစုလိုက္ ကိုဗစ္ျဖစ္သြားတာေရာ,,အတူေနတဲ့မိုးျပည့္ကိုငယ္ငယ္ထဲကထိန္းသိမ္းေစာင့္ေရွာက္ၿပီးအခုကီးေလးကိုပါထိန္းေပးတဲ့အရမ္းခ်စ္ရတဲ့အေဒၚငဗစ္ေၾကာင့္ဆုံးရႈံးလိုက္ရတယ္.,ေမေမ့ကိုလဲအခုခ်ိန္ ထိေအာက္စီဂ်င္ေပးၿပီးအသက္မနည္းလုခဲ့ရတယ္ ..ဒီၾကားထဲမွာမိုးျပည့္ခ်စ္ရတဲ့တစ္ခ်ိဳ႕ျပည္သူတစ္ေယာက္ခ်င္းစီက လဲေရာဂါကပ္ ေဘး ေၾကာင့္ေရာအျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေရာအသက္ ေတြဆုံးရႈံးေနၾကရတာၾကားသိရ ေတာ့ပိုၿပီးဝမ္းနည္းခံစားရပါတယ္,မိုးျပည့္ကိုယ္တိုင္ လဲအသက္ရွင္ဖို႔မနည္းႀကိဳးစား႐ုန္းကန္ခဲ့ရတဲ့အခ်ိန္ေဆး႐ုံမွာသိလိုက္ရတဲ့အသိတခုက ေတာ့လူ ေတြကေမြးလာကတည္းကလဲအသက္ရွင္ေအာင္ ႀကိဳးစားခဲ့ရသလို,ေသဖို႔ကိုလဲခက္ခက္ခဲခဲနဲ႔မေသေအာင္႐ုန္းထြက္ၾကရတယ္..ေသသြားေတာ့လဲခံစားရတာေတြၿပီးသြားခ်ဳပ္သြားျပန္ေရာ. .အဲ့ေတာ့အဲ့ဒိႏွစ္ ခုၾကားမွာျဖတ္ သန္းေနၾကရတဲ့က်မတို႔ေတြအသက္ရွင္က်န္ခဲ့တဲ့သူတိုင္းစိတ္ေရာလူေရာအရမ္းပင္ပန္းေနၾကမယ္ဆိုတာထပ္တူခံစားရပါတယ္,ဒါေပမဲ့လဲဘဝကိုအ ရႈံးမေပးပဲ ရေအာင္ျပန္ထၾကပါ, ကို႔ကိုယ္ကိုအရင္ကထပ္ပိုၿပီးတန္ဖိုးထားၾကပါ..ခက္ခဲစြာရွင္သန္ရတဲ့ဘဝႀကီးကိုလကားမ ျဖစ္ ပါေစနဲ႔လူတိုင္းလူတိုင္းကို႔ဘာသာႀကီးသုံးပါးမွလဲကင္းေဝးလြတ္ေျမာက္ႏိုင္ၾကပါေစနဲ႔ကိုယ္,ဘာသာေရးေတြပိုလုပ္ၾကၿပီးက်န္းမာေပ်ာ္႐ႊင္စြာနဲ႔အသက္ရွည္ရွည္ေနထိုင္သြားေစခ်င္မိတယ္ ျမန္မာႏိုင္ငံႀကီးအျမန္ဆုံးေအးခ်မ္းပါေစ…ကပ္ (ဆရာလုပ္တာမဟုတ္ပါဘူးေနာ္မိုးျပည့္ရင္ထဲကတစ္ကယ့္ေစတနာပါ…အမွားပါရင္ခြင့္လႊတ္ၾကပါေနာ္) “လို႔ သူမရဲ႕ လူမႈ႕စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

မိုးျပည့္ က သူကိုယ္တိုင္လည္း ခ်စ္တဲ့သူေတြဆုံးရႈံးခဲ့ရသလို ခ်စ္ရတဲ့ ပရိသတ္တစ္ခ်ိဳ႕လည္း ကပ္ေဘးေတြေၾကာင့္ အသက္ဆုံးရႈံးရတဲ့ သတင္းေတြၾကားရတဲ့အတြက္လည္း စိတ္မေကာင္းျဖစ္ေၾကာင္းနဲ႔ က်န္းမာေရးေတြေကာင္းမြန္ေအာင္ ေနထိုင္ၾကဖို႔လည္း အားေပးတိုက္တြန္းထားပါတယ္။

Latest Posts

Don't Miss