Saturday, November 26, 2022
Latest Posts
ကိုဗစ်ကို အနိုင်ယူနိုင်ခဲ့ပြီလို့ ပရိသတ်ကြီးကို အသိပေးလိုက်တဲ့ ဆုအိမ့်စံ
Unicode Version
ပရိသတ်အသဲကျော် မော်ဒယ်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဆုအိမ့်စံ ကတော့ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ အရုပ်မလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို အမြဲတင်နေကျဖြစ်ပြီးတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မော််ဒယ် မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ ဆုအိမ့်စံ က လွန်ခဲ့တဲ့သြဂုတ်လ အစပိုင်းလောက်က ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်ချစ်တဲ့ ဆုအိမ့်စံ ရဲ့ သတင်းကောင်းလေးတစ်ခုကို ပရိသတ်အတွက် မျှဝေတင်ဆက်ပေးချင်ပါတယ်။
“နေပြန်ကောင်းသွားပါပြီ ချစ်ရတဲ့ပရိသတ်ကြီးအားလုံးကို အရမ်းလွမ်းနေပါတယ်… ဒီရောဂါဖြစ်နေတဲ့ကာလတွေမှာ စိတ်ဓာတ်ပါကျတယ်…မိဘကိုစိတ်အရမ်းပူပေမယ့် အနားမှာမရှိပေးနိုင် မသွားနိုင်တဲ့အခြေအနေမှာ အရမ်းကိုခက်ခဲလွန်းပါတယ်… ဒီခံစားချက်တွေကို နားလည်တဲ့အတွက် ဆုံးရှူံးသွားတဲ့သူတွေတယောက်ချင်းစီကို ကိုယ်ချင်းစာတယ်… ဘာပဲဖြစ်ဖြစ် အနားမှာရှိနေတဲ့အချိန် တန်ဖိုးထားကြမယ်… ချစ်ရတဲ့ပရိသတ်ကြီးလည်း ကျန်းမာရေးဂရုစိုက်ကြပါနော်… အားလုံးကို ချစ်တယ် “လို့ ဆုအိမ့်စံ ကသူမရဲ့ဖေ့ဘွတ်မှာပရိသတ်တွေကို အသိပေးမျှဝေပေးထားပါတယ်။
ကဲ…Cele Only ပရိသတ်ကြီးရေ ချစ်ရတဲ့ မင်းသမီးချောလေး ဆုအိမ့်စံ ကတော့လက်ရှိမှာ ကိုဗစ်ကိုအနိုင်တိုက်နိုင်ခဲ့ပြီးတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖြစ်တဲ့အတွက် ပရိသတ်ကြီးလည်းဝမ်းသာပျော်ရွှင်မယ်လို့ မျှော်လင့်မိပါတယ်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ ပရိသတ်တစ်ဦးချင်းဆီကို ကျေးဇူးတင်ရှိပါတယ်၊ သာယာပျော်ရွှင်ဖွယ်ကောင်းသောနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။
ZawGyi Version
Latest Posts
Don't Miss