Sunday, November 27, 2022

Latest Posts

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ ရန်‌အောင်

Unicode Version

ပရိသတ်ကြီးရေ ‌ရန်အောင် ကတော့ မြန်မာရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီပေါင်းများစွာကိုပိုင်ဆိုင်ထားပါတယ်။ ဒီနေ့မှာတော့ ရန်အောင် ကတော့သူချစ်ရတဲ့ ပရိသတ်တွေကို နောက်ထပ်လာမဲ့ ကိုဗစ်လှိုင်းတွေကို ကာကွယ်နိုင်ဖို့ ကိုဗစ်ကာကွယ်ဆေး လူတိုင်းထိုးဖို့ တိုက်တွန်းထားတဲ့ အကြောင်းလေးကိုမျှဝေပေးချင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့  ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ ရန်‌အောင်

ရန်အောင် ကတော့ လူ့အသက်ဆုံးရှုံးမှု့တွေ နောက်ထပ်မဖြစ်ရအောင် ကိုဗစ်ကာကွယ်ဆေးကို ကြိုတင်ထိုးကြဖို့ သူ့ရဲ့ဖေ့ဘွတ်ကနေ ပရိသတ်ကြီးကို တိုက်တွန်းထားပါတယ်။ “ရိုက်ခတ်လာမယ့် (Covid ) အန္တရာယ်ကာကွယ်ဖို့ ကာကွယ်ဆေးကိုစနစ်တကျထိုး ထားဖို့တိုက်တွန်းပါရစေဗျာ…” လို့ ရန်အောင်ရဲ့ဖေ့ဘွတ်မှာ ရေးသားထားတာကိုလဲ တွေ့ရပါတယ်။ ရန်အောင် ကတော့ဒုတိယလှိုင်းမှာ ကိုဗစ်ဖြစ်ခဲ့ပြီးတော့ ကာကွယ်ဆေးထိုးထားတာကြောင့် တတိယလှိုင်းမှာ ဘေးမသီရန်မခခဲ့တာလို့ ပြောပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့  ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ ရန်‌အောင်

ကိုဗစ်ကာကွယ်ဆေးကတော့ ကိုဗစ်ရောဂါကို အများကြီးကာကွယ်တာကြောင့် ယုံယုံကြည်ကြည် ထိုးနှံကြဖို့ ရန်အောင် ကတိုက်တွန်းထားပါသေးတယ်။ ပရိသတ်ကြီးရေ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီး မှတ်ချက်လေးတွေ ပေးခဲ့ပါအုန်းနော်။ ပရိသတ်ကြီးအားလုံးကျန်းမာစွာနဲ့ အသက်ရှည်ရှည်နေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့  ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ ရန်‌အောင်

ZawGyi Version





Latest Posts

Don't Miss