Tuesday, November 29, 2022

Latest Posts

ကလေးနှစ်ယောက်အတွက် အကောင်းဆုံးကြိုးစားပြီး ရှင်သန်ရပ်တည်သွားမယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

Unicode Version

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ဟာ သူမရဲ့ခင်ပွန်း ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားတာကြောင့် အတော်လေးကိုဝမ်းနည်းခံစားနေရတာ ဖြစ်ပါတယ်။ နန်းမြတ် ကိုယ်တိုင်လည်း ကိုဗစ်ရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး လက်ရှိချိန်မှာတော့ ပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကိုအစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားမှာဖြစ်ကြောင်း ချစ်ရတဲ့ ပရိသတ်တွေကို ပြောပြထားပါသေးတယ်။ ခင်ပွန်းဖြစ်သူ မရှိတော့ပေမယ့် ကလေးတွေအတွက် အကောင်းဆုံးကြိုးစားပြီး ရှင်သန်ရပ်တည်သွားမယ်လို့ နန်းမြတ်ဖြိုးသင်းက လူမူကွန်ယက်မှာရေးသားထားပါတယ်။

“ကျမဘဝရဲ့အဓိပ္ပါယ် ခွန်အား ရှင်သန်ခြင်းလေးတွေ ကျမယောက်ျားကိုသတိရတာပေါ့ လွမ်းတာပေါ့ ဒါပေမယ့်ယောက်ျားမရှိလို့စိတ်ပျက်အားငယ်တာမျိုးမဟုတ်ဘူး။ ကျမယောက်ျားထားခဲ့တဲ့ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်း သူ့ရဲ့နာမည်ကောင်းအရိပ်အောက်မှာ ကျမကအကောင်းဆုံးကြိုးစားပီး ရှင်သန်ရပ်တည်ဦးမှာလွမ်းတာတော့အမြဲလွမ်းနေမှာပဲ။ သူနဲ့သွားခဲ့တဲ့နေရာ သူနဲ့ရှိခဲ့တဲ့အမှတ်တရတွေကဘယ်တော့ပျောက်ပျက်မသွားဘူး။သူမရှိတော့လို့ကလေးတွေအတွက်ကျမနှစ်ဆကြိုးစားပီးရပ်တည်ရှင်သန်မယ်။ ကျန်နေသေးတဲ့ချစ်တဲ့သူတွေရဲ့ပံ့ပိုးမှုတွေနဲ့ပေါ့လွမ်းတာ၊သတိရတာနဲ့ ပြိုလဲတာမတူပါဘူး။ကျမချစ်ရတဲ့သားလေးနဲ့သမီးလေးအတွက်….”လို့ နန်း​မြတ်ဖြိုးသင်း က ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ နန်းမြတ် တစ်ယောက် ဝမ်းနည်း ခံစားနေရတာတွေ အမြန်ဆုံးကင်းဝေးပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်စရာအချိန်တွေ ပြန်လည်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးရင်း သတင်းလေးကိုမျှဝေပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss