Friday, January 27, 2023

Latest Posts

ကလေးတွေကို အကောင်းဆုံးကျောင်းမှာ ထားပေးဖို့ရည်မှန်းချက်တွေ ပြည့်အောင်ကြိုးစားနေတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ အဆိုတော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး ဟာ ကိုဗစ်ရောဂါကို ပြင်းထန်စွာခံစားခဲ့ရပြီး ရုတ်တရတ် ချစ်ရတဲ့မိသားစုကို ခွဲခွာပြီးကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းကွယ်လွန်သွားလို့ ဝမ်းနည်းပူဆွေးနေခဲ့ရပေမယ့် သူမကတော့ ချစ်ရတဲ့သားသားမီးမီးတို့အတွက် ဘဝကိုကြိုးစားရုန်းကန်နေတာပဲဖြစ်ပါတယ်။ ဖခင်မရှိတော့ပေမယ့် အားငယ်စိတ်မဝင်အောင် ကလေးနှစ်ယောက်ကို လိုလေးသေးမရှိဘဲ လူတန်းစေ့ထားနိုင်အောင် သူမကအစွမ်းကုန်ကြိုးစားနေတာပဲဖြစ်ပါတယ်။

ခင်ပွန်းမရှိတော့တဲ့ သူမဟာ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက် အကောင်းဆုံးဆိုတဲ့ ကျောင်းမှာထားပေးဖို့ ရည်မှန်းချက်ကို ပြည့်မှီအောင် ကြိုးစားနေပါတယ်။ “တနေ့တနေ့တိုးတဲ့stressတွေထဲမှာ ဒီလူသေးသေးလေးကြောင့်လဲပါတယ် ၃နှစ်ပြည့်ခါနီးဆိုတော့အရမ်းပြောရခက်တဲ့အရွယ်ပေါ့နော် တခါတလေ တော်တော်တင်းတင်းမာမာ ပြောမိတဲ့အခါတွေဆိုလဲစိတ်မကောင်းဖြစ်ရပြန်ရော ကျောင်းလဲထားရခါနီးပီဆိုတော့ ကျောင်းစရိတ်ကို တွေးမိပီးလဲစိတ်ပူမိတယ် အရင်ကတော့ဘယ်လိုကျောင်းမှာထားမယ်ဆိုတဲ့ရည်မှန်းချက်လေးနဲ့ပေါ့လေ ခုတော့အဲ့ရည်မှန်းချက်လေးတွေပြည့်မှီနိုင်အောင်ကြိုးစားနေဆဲပါပဲ Stress တွေကတနေ့ထက်တနေ့တိုးလာတာပဲရှိတာနော် ၃နှစ်အရွယ်ကလေးလေးကိုဘယ်လိုစာအုပ်လေးတွေဖတ်ပေးကြလဲဟင် ပြောပြပေးကြပါဦးနော်” လို့ ရေးသားထားပါတယ်။

Cele Only ပရိသတ်ကြီးရေ ၃ နှစ်အရွယ်ကလေးတွေအတွက် ဖတ်ဖို့စာအုပ်လေးတွေ သိရင် မေမေ နန်းမြတ် ကို ညွှန်းပေးလိုက်ပါအုန်းနော်။ နန်းမြတ်ဖြိုးသင်း လဲ ကလေးအပေါ်ထားရှိတဲ့ ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်မှီပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi Version

ကေလးေတြကို အေကာင္းဆုံးေက်ာင္းမွာ ထားေပးဖို႔ရည္မွန္းခ်က္ေတြ ျပည့္ေအာင္ႀကိဳးစားေနတဲ့ နန္းျမတ္ၿဖိဳးသင္း

ပရိသတ္ႀကီးေရ ႐ုပ္ရွင္နဲ႔ အဆိုေတာ္ သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္း ရဲ႕ခင္ပြန္းျဖစ္သူ ကိုတာတာမ်ိဳး ဟာ ကိုဗစ္ေရာဂါကို ျပင္းထန္စြာခံစားခဲ့ရၿပီး ႐ုတ္တရတ္ ခ်စ္ရတဲ့မိသားစုကို ခြဲခြာၿပီးကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ခင္ပြန္းကြယ္လြန္သြားလို႔ ဝမ္းနည္းပူေဆြးေနခဲ့ရေပမယ့္ သူမကေတာ့ ခ်စ္ရတဲ့သားသားမီးမီးတို႔အတြက္ ဘဝကိုႀကိဳးစား႐ုန္းကန္ေနတာပဲျဖစ္ပါတယ္။ ဖခင္မရွိေတာ့ေပမယ့္ အားငယ္စိတ္မဝင္ေအာင္ ကေလးႏွစ္ေယာက္ကို လိုေလးေသးမရွိဘဲ လူတန္းေစ့ထားႏိုင္ေအာင္ သူမကအစြမ္းကုန္ႀကိဳးစားေနတာပဲျဖစ္ပါတယ္။

ခင္ပြန္းမရွိေတာ့တဲ့ သူမဟာ က်န္ရစ္ခဲ့တဲ့ ကေလးႏွစ္ေယာက္ရဲ႕ ပညာေရးအတြက္ အေကာင္းဆုံးဆိုတဲ့ ေက်ာင္းမွာထားေပးဖို႔ ရည္မွန္းခ်က္ကို ျပည့္မွီေအာင္ ႀကိဳးစားေနပါတယ္။ “တေန႔တေန႔တိုးတဲ့stressေတြထဲမွာ ဒီလူေသးေသးေလးေၾကာင့္လဲပါတယ္ ၃ႏွစ္ျပည့္ခါနီးဆိုေတာ့အရမ္းေျပာရခက္တဲ့အ႐ြယ္ေပါ့ေနာ္ တခါတေလ ေတာ္ေတာ္တင္းတင္းမာမာ ေျပာမိတဲ့အခါေတြဆိုလဲစိတ္မေကာင္းျဖစ္ရျပန္ေရာ ေက်ာင္းလဲထားရခါနီးပီဆိုေတာ့ ေက်ာင္းစရိတ္ကို ေတြးမိပီးလဲစိတ္ပူမိတယ္ အရင္ကေတာ့ဘယ္လိုေက်ာင္းမွာထားမယ္ဆိုတဲ့ရည္မွန္းခ်က္ေလးနဲ႔ေပါ့ေလ ခုေတာ့အဲ့ရည္မွန္းခ်က္ေလးေတြျပည့္မွီႏိုင္ေအာင္ႀကိဳးစားေနဆဲပါပဲ Stress ေတြကတေန႔ထက္တေန႔တိုးလာတာပဲရွိတာေနာ္ ၃ႏွစ္အ႐ြယ္ကေလးေလးကိုဘယ္လိုစာအုပ္ေလးေတြဖတ္ေပးၾကလဲဟင္ ေျပာျပေပးၾကပါဦးေနာ္” လို႔ ေရးသားထားပါတယ္။

Cele Only ပရိသတ္ႀကီးေရ ၃ ႏွစ္အ႐ြယ္ကေလးေတြအတြက္ ဖတ္ဖို႔စာအုပ္ေလးေတြ သိရင္ ေမေမ နန္းျမတ္ ကို ၫႊန္းေပးလိုက္ပါအုန္းေနာ္။ နန္းျမတ္ၿဖိဳးသင္း လဲ ကေလးအေပၚထားရွိတဲ့ ရည္မွန္းခ်က္ေတြ အျမန္ဆုံးျပည့္မွီပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss