Sunday, November 27, 2022

Latest Posts

ကလေးငယ်ရဲ့ မိဘအရင်းတွေနဲ့ ပတ်သတ်ပြီး တိတိကျကျဆုံးဖြတ်လိုက်တဲ့ ပရဟိမင်းသမီးကြီး ခိုင်နှင်းဝေ

Unicode Version

ပရိတ်သတ်ကြီး‌ရေ မင်းသမီးကြီး ခိုင်နှင်းဝေ ကတော့ မိဘမဲ့ကလေးလေးတွေအတွက် ခိုင်”မိသားစု”ဂေဟာကိုလက်ရှိမှာ ဖွင့်လှစ်ထားပြီးတော့ ရင်ခွင်မဲ့ကလေးလေးတွေကို စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ သူမဂေဟာက ကလေးငယ်တွေအားလုံးကို ကျောသာရင်သားမခွဲခြားပဲ မိခင်နဲ့မခြား စောက်ရှောက်ပေးနေတာပါ။ သူမတို့မိဘမဲ့ဂေဟာမှာ စောက်‌ရှောက်ထားတဲ့ ကလေးငယ်လေးကြောင့် ဆုံးဖြတ်ရချက်နေတဲ့ အခြအနေတစ်ခုကို ရင်ဆိုင်ခဲ့ရပါသေးတယ်။

ခိုင်နှင်းဝေ ဟာ သမီးလေး သွန်းသွန်း နဲ့ ပတ်သက်ပြီး ” သမီးလေး သွန်းသွန်းကို ပြန်မပေးဖြစ်တော့ပါဘူးရှင်….မိဘ အရင်း အစစ်အမှန်များ မှန်ကန်သော်လည်း ဖုန်းများ စက်ပိတ်သွားတာ လ ချီ ရှိသွားပြီး အဆက်သွယ် မလုပ်တော့သောကြောင့်ပါ…ကလေးအတွက် စဉ်းစားပြီး လုပ်သင့်တာများ စဉ်းစားထားပေးသော်လဲ ဖုန်းစက်ပိတ်သွားတာ လချီ ရှိသွားပြီး အဆက်သွယ်လဲ မရတော့သောကြောင့် ကျမဘက်က ဝတ္တရားများကျေသွားပါပြီ..နောက်နောင် လာရောက် ပတ်သတ်ခြင်းများအတွက် တစုံတရာ ဖြေရှင်းပေးခြင်းများ မပြုလုပ်တော့ပဲ ဒီနေ့ ဒီရက်မှ စ၍ သမီးလေးကို ပြန်ပေးမည့် အစီအစဉ်များ အားလုံး ရုတ်သိမ်းလိုက်ပါတယ်ရှင်..” သူမရဲ့ လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ခိုင်နှင်းဝေဂေဟာက ကလေးငယ်လေးရဲ့ မိဘအရင်းတွေက ကလေးကို စွန့်ပစ်ပြီးမှ ပြန်လည်လိုချင်နေတာကြောင့် ဆုံးဖြတ်ရခက်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ကလေးရဲ့မိဘတွေက ပြန်လည်မဆက်သွယ်တော့တာကြောင့် ကလေးကို ပြန်ပေးမည့် အစီအစဥ်ကို ဖျက်သိမ်းလိုက်တယ်လို့ ပရိသတ်ကို အသိပေးထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss