Tuesday, November 29, 2022

Latest Posts

ကလေးငယ်ရဲ့ မိဘအရင်းတွေနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ရခက်နေတဲ့ ခိုင်နှင်းဝေ

Unicode Version

ပရိတ်သတ်ကြီး‌ရေ ပရဟိတလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေပြီး အခြေခံလူတန်းစားတွေရဲ့အခက်အခဲတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူတွေ၊ စွန့်ပစ်ခံကလေးငယ်များနှင့် မိဘမဲ့ကလေးများကိုပါမကျန် ပြုစုထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကိုတော့ မသိသူမရှိလောက်ဘူးထင်ပါတယ်။ ခိုင်နှင်းဝေ ကတော့ မိဘမဲ့ကလေးလေးတွေအတွက် ခိုင်”မိသားစု”ဂေဟာကိုလက်ရှိမှာ ဖွင့်လှစ်ထားပြီးတော့ ရင်ခွင်မဲ့ကလေးလေးတွေကို စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူမတို့မိဘမဲ့ဂေဟာမှာ စောက်‌ရှောက်ထားတဲ့ ကလေးငယ်လေးကြောင့် ဆုံးဖြတ်ရချက်နေတဲ့ အခြအနေတစ်ခုကို ရင်ဆိုင်နေရပါတယ်။

ခိုင်နှင်းဝေ ကတော့ စွန့်ပစ်ခံကလေးငယ်လေးတွေကို စောက်ရှောက်ပေးနေတဲ့ ပရဟိတမင်းသမီးကြီးပါပဲနော်။ သူမဂေဟာက ကလေးငယ်တွေအားလုံးကို ကျောသာရင်သားမခွဲခြားပဲ မိခင်နဲ့မခြား စောက်ရှောက်ပေးနေတာပါ။ ခိုင်နှင်းဝေဂေဟာက ကလေးငယ်လေးရဲ့ မိဘအရင်းတွေက ကလေးကို စွန့်ပစ်ပြီးမှ ပြန်လည်လိုချင်နေတယ်ဆိုတဲ့အကြောင်းကို ” သမီးလေး သွန်းသွန်းရဲ့ အဖေနဲ့ အမေပေါ်လာပြီး သမီးလေးကို ပြန်လိုချင်ကြကြောင်း ၊ တကယ် နောင်တရပြီး အမှားကို ပြန်ပြင်လိုကြကြောင်း ကျမဆီ လာရောက် တောင်းပန်ကြပါတယ်..မိဘ အရင်းနဲ့ နေတာ ကလေးတွေ အတွက် ပိုမိုကောင်းမွန်စေတာမို့ ဆုံးဖြတ်ချက်လေး တစ်ခုကို သေချာ စီစစ်ပြီး ချဖြစ်ပါမယ်..ရင်ထဲမှာတော့ ဖော်ပြလို့ မရတဲ့ ခံစားမှုလေးတစ်ခုက အမည်ဖော်လို့ မရပါဘူးရှင်…” လို့ ဆုံးဖြတ်ရခက်နေတယ်ဆိုတဲ့အကြောင်းကို ရင်ဖွင့်ထားပါတယ်။

ပရိသတ်ကြီးရေ ကလေးငယ်လေးနဲ့ ပတ်သတ်လို့ ခိုင်နှင်းဝေ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိသေးပါဘူးနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss