Sunday, November 27, 2022
Latest Posts
ကယားစစ်ဘေးရှောင်များအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြဖို့ အလှူခံလိုက်တဲ့ ဝေဠုကျော်
Unicode Version
ပရိသတ်ကြီးရေ ဝါရင့်ရုပ်ရှင်မင်းသားကြီး ဝေဠုကျော် ဟာလက်ရှိမှာအနုပညာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပေမယ့် ပရဟိတအလုပ်တွေကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ “ဝေဠုကျော် ဖောင်ဒေးရှင်း” ကိုတည်ထောင်ထားပြီး နေရာစုံ၊ဒေသစုံက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီကယ်တင်နေသူလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရဟိတမင်းသားကြီး ဝေဠုကျော် ကို ပြည်သူတွေက ချစ်ခင်အားပေး ၊လေးစားအားကျနေရတာလဲ ဖြစ်ပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်းမှ အခုလက်ရှိလှူဒါန်းဖို့ ပြင်ဆင်နေတဲ့နေရာကတော့ ကယားပြည်နယ် မှ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပဲ ဖြစ်ပါတယ်။
ဝေဠုကျော် ဟာကယားစစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းဖို့ အနွေးထည်များကို ပြင်ဆင်လျှက်ရှိပြီး ထပ်မံလှူဒါန်းဖို့အတွက် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ” ကယားစစ်ရှောင်များအတွက် ပို့ဆောင်ရန် အနွေးထည်များ ပြင်ဆင်ထုပ်ပိုး။ လိုအပ်နေတယ့် ကယားစစ်ရှောင်စခန်းများရှိရာ သို့ သွားရောက်ပြီး တတ်နိူင်သလောက် ကူညီ ထောက်ပံ့ပေးမည် ဖြစ်ပါ၍ ဝိုင်းဝန်းကူညီ လှူပေးဖို့လည်း အလှူခံပါတယ် ခင်ဗျာ။ ဝေဠုကျော် နေအိမ် – အမှတ် ၂၃၇ ၊ကံ့ကော်မြိုင် ၂လမ်း ၊ ၂၃ရပ်ကွက် ၊ VIP 1 ၊သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။( ရေစက် မှတ်တိုင် အနီး ) 09-4 555 000 10(K Pay)(U Soe Thein) 09-4 555 000 1409-77 60 89 484 (Wave Money account) (ဘဏ်မှ ထည့်ဝင်လှုဒါန်းလိုသူများအတွက်) Wai Lu Kyaw Foundation KBZ Bank (Thuwunna)- 07810307800806601၊ ဦးစိုးသိမ်း 12/သကတ (နိုင်) 011 519 ၊ မြန်မာ့ရှေ့ဆောင်ဘဏ် (သုဝဏ္ဏဘဏ်ခွဲ) 045 01 31 04 500 11 83 045 ၊ ဧရာဝတီဘဏ် (သုဝဏ္ဏဘဏ်ခွဲ) -20006928641 ၊ CB Bank (သုဝဏ္ဏဘဏ်ခွဲ) – 00 78 600 1000 25 739 ” အစရှိတဲ့ လှူဒါန်းလို့ရတဲ့ နေရာတွေကို ဝေဠုကျော်ဖောင်ဒေးရှင်း ရဲ့တရားဝင် လူမှု့စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။
Cele Only စာဖတ်ပရိသတ်ကြီးရေ ကယားစစ်ဘေးရှောင် ပြည်သူတွေအတွက် လှူဒါန်းလိုပါက အထက်ပါလိပ်စာတွေမှာ လူကိုယ်တိုင် ဝေဠုကျော် နေအိမ်မှာ သွားရောက်လှူဒါန်းတာပဲဖြစ်ဖြစ်၊ K Pay ၊ Wave Mony ၊ Bank Account မှတစ်ဆင့်လဲ တတ်နိုင်သလောက် ကူညီလှူဒါန်းလို့ ရပါတယ်နော်။
ZawGyi Version
Latest Posts
Don't Miss