Friday, January 27, 2023

Latest Posts

ကန်တော်ကြီး အပေါက်ဝနားမှာ စွန့်ပစ်ခံရတဲ့ကလေးငယ် သေဆုံးသွားတာကြောင့် စိတ်ထိခိုက်နေတဲ့ ခိုင်နှင်းဝေ

Unicode Version

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ဟာ စွန့်ပစ်ခံကလေးငယ်လေးတွေကို ကူညီကယ်တင်နေသူတစ်ဦးဖြစ်ပါတယ်။ ” ခိုင် မိဘမဲ့ဂေဟာ” ဖွင့်လှစ်ထားပြီး မိခင်မေတ္တာ နဲ့ ကလေးငယ်တွေအားလုံးကို သားသမီးအရင်းလေးတွေလို စောက်ရှောက်လျက်ရှိပါတယ်။ မိဘအရင်းတွေက အခြေအနေအရပ်ရပ်ကြောင့် မလိုချင်လို့ စွန့်ပစ်ခံရတဲ့ သနားစရာကောင်းတဲ့ ကလေးငယ်ပေါင်းများစွာ ရှိနေပါတယ်။ ဒီနေ့မှာလဲ ကန်တော်ကြီးအပေါက်ဝနားမှာ ဒဏ်ရာပရပွနဲ့ ရက်သား ကလေးငယ်လေးတစ်ဦး ထပ်မံစွန့်ပစ်ခံလိုက်ရပါတယ်။ ကလေးငယ်မှာ ယောက်ကျားလေးဖြစ်ပြီး ခွေးဆွဲထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါပြီလို့ စိတ်မကောင်းစွာ သိရပါတယ်။

ခိုင်နှင်းဝေ ဟာ ကလေးငယ်လေးကို ကယ်တင်ခွင့်မရလိုက်တာကြောင့် စိတ်မကောင်းဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ” စိတ်မကောင်းပါဘူး ကလေးရယ်..ဝဠ်ကြွေးတွေရှိရင် ဒီဘဝ နဲ့ပဲ ကျေအောင် ဆပ်သွားနိုင်ပါစေ…ဘယ်ချိန်ထဲက စွန့်ပစ်ထားမှန်း မသိပဲ ခွေးများဆွဲထားသောကြောင့် ငယ်ထိပ်ပေါက်ပြဲ ၊တကိုယ်လုံး ဒဏ်ရာများနှင့် နှုတ်ခမ်းများ ပြာနှမ်းနေပြီး ည (၁) နာရီ ဝန်းကျင်ခန့်ကပဲ ဆုံးသွားပါတယ်..အစွမ်းကုန် ကုသပေးပါသော ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဒီဃာယုက လူမှုကူညီရေး အသင်းကြီးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..ကလေးအတွက် သက်ပျောက်ဆွမ်းလေး ကပ်ပြီး သဂြိုလ်ပေးဘို့အတွက် လိုအပ်တာများ စီစဉ်ဆောင်ရွက်ထားပါတယ်ရှင်..” သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရဟိမင်းသမီးကြီး ခိုင်နှင်းဝေ ဟာ မိဘတွေကို အခုလို စွန့်ပစ်မှုတွေ မလုပ်ကြဘို့ မေတ္တာရပ်ခံလိုက်ပါတယ်။ မလိုချင်ပါကလဲ ဂေဟာများသို့ ဆက်သွယ်ပို့ဆောင်ပေးပါလို့ ထပ်မံ အသိပေးလိုက်ပါတယ်။ သူမဟာ ကလေးငယ်လေးတွေ အသက်ဆုံးရှုံးမှုများ မကြာခဏ တွေ့ကြုံနေရတာကြောင့် စိတ်မကောင်းအရမ်းဖြစ်မိတယ်လို့ ရေးသားထားပါသေးတယ်။

ZawGyi Version

ကန္ေတာ္ႀကီး အေပါက္ဝနားမွာ စြန႔္ပစ္ခံရတဲ့ကေလးငယ္ ေသဆုံးသြားတာေၾကာင့္ စိတ္ထိခိုက္ေနတဲ့ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝ ဟာ စြန႔္ပစ္ခံကေလးငယ္ေလးေတြကို ကူညီကယ္တင္ေနသူတစ္ဦးျဖစ္ပါတယ္။ ” ခိုင္ မိဘမဲ့ေဂဟာ” ဖြင့္လွစ္ထားၿပီး မိခင္ေမတၱာ နဲ႔ ကေလးငယ္ေတြအားလုံးကို သားသမီးအရင္းေလးေတြလို ေစာက္ေရွာက္လ်က္ရွိပါတယ္။ မိဘအရင္းေတြက အေျခအေနအရပ္ရပ္ေၾကာင့္ မလိုခ်င္လို႔ စြန႔္ပစ္ခံရတဲ့ သနားစရာေကာင္းတဲ့ ကေလးငယ္ေပါင္းမ်ားစြာ ရွိေနပါတယ္။ ဒီေန႔မွာလဲ ကန္ေတာ္ႀကီးအေပါက္ဝနားမွာ ဒဏ္ရာပရပြနဲ႔ ရက္သား ကေလးငယ္ေလးတစ္ဦး ထပ္မံစြန႔္ပစ္ခံလိုက္ရပါတယ္။ ကေလးငယ္မွာ ေယာက္က်ားေလးျဖစ္ၿပီး ေခြးဆြဲထားတဲ့ ဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့ပါၿပီလို႔ စိတ္မေကာင္းစြာ သိရပါတယ္။

ခိုင္ႏွင္းေဝ ဟာ ကေလးငယ္ေလးကို ကယ္တင္ခြင့္မရလိုက္တာေၾကာင့္ စိတ္မေကာင္းျဖစ္ေနပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး ” စိတ္မေကာင္းပါဘူး ကေလးရယ္..ဝဠ္ေႂကြးေတြရွိရင္ ဒီဘဝ နဲ႔ပဲ ေက်ေအာင္ ဆပ္သြားႏိုင္ပါေစ…ဘယ္ခ်ိန္ထဲက စြန႔္ပစ္ထားမွန္း မသိပဲ ေခြးမ်ားဆြဲထားေသာေၾကာင့္ ငယ္ထိပ္ေပါက္ၿပဲ ၊တကိုယ္လုံး ဒဏ္ရာမ်ားႏွင့္ ႏႈတ္ခမ္းမ်ား ျပာႏွမ္းေနၿပီး ည (၁) နာရီ ဝန္းက်င္ခန႔္ကပဲ ဆုံးသြားပါတယ္..အစြမ္းကုန္ ကုသေပးပါေသာ ရန္ကင္းကေလးေဆး႐ုံႀကီးမွ ဆရာဝန္ႀကီးမ်ားႏွင့္ ဒီဃာယုက လူမႈကူညီေရး အသင္းႀကီးကိုလဲ ေက်းဇူး အမ်ားႀကီး တင္ပါတယ္ရွင္..ကေလးအတြက္ သက္ေပ်ာက္ဆြမ္းေလး ကပ္ၿပီး သၿဂိဳလ္ေပးဘို႔အတြက္ လိုအပ္တာမ်ား စီစဥ္ေဆာင္႐ြက္ထားပါတယ္ရွင္..” သူမရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

ပရဟိမင္းသမီးႀကီး ခိုင္ႏွင္းေဝ ဟာ မိဘေတြကို အခုလို စြန႔္ပစ္မႈေတြ မလုပ္ၾကဘို႔ ေမတၱာရပ္ခံလိုက္ပါတယ္။ မလိုခ်င္ပါကလဲ ေဂဟာမ်ားသို႔ ဆက္သြယ္ပို႔ေဆာင္ေပးပါလို႔ ထပ္မံ အသိေပးလိုက္ပါတယ္။ သူမဟာ ကေလးငယ္ေလးေတြ အသက္ဆုံးရႈံးမႈမ်ား မၾကာခဏ ေတြ႕ႀကဳံေနရတာေၾကာင့္ စိတ္မေကာင္းအရမ္းျဖစ္မိတယ္လို႔ ေရးသားထားပါေသးတယ္။

Latest Posts

Don't Miss