Saturday, December 3, 2022
Latest Posts
ကင်တေးဟီး နဲ့ လီဟိုရီ တို့နှစ်ယောက်ကို ရွေးချယ်မှုပြုလုပ်ခဲ့ရတဲ့ ရိန်း
Unicode Version
အဆိုတော် RAIN သည် သူ့ရဲ့ဇနီး မင်းသမီး ကင်းတေးဟီးနဲ့ အဆိုတော်လီဟိုရီ တို့နှစ်ယောက်ကို ခဏတာရွေးချယ်မှုလုပ်ခဲ့ရတာပဲဖြစ်ပါတယ်။
မကြာသေးမီက RAIN သည် ၎င်း၏ မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ဒရာမာ ‘Ghost Doctor’ အကြောင်း ပြောဆိုရန် စာနယ်ဇင်းများနှင့် အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။
‘Ghost Doctor’ တွင် RAIN ရဲ့ဇာတ်ကောင်ဖြစ်တဲ့ ‘Cha Young-min’ ဟာ ‘Ko Seung-tak’ ဇာတ်ကောင်လို တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုကို ငှားခွင်ရှိတယ်ဆိုရင် ဘယ်သူ့ခန္ဓာကိုယ်ကိုငှားချင်လဲလို့ အင်တာဗျူးသူ က RAIN ကိုမေးမြန်းခဲ့ပါတယ်။
RAIN က “ကျွန်တော်က ယောက်ျားလေးဆိုတော့ ကျွန်တော်နဲ့ နေထိုင်မှုလုံး၀ကွဲပြားတဲ့မိန်းကလေး ဘ၀ကိုဖြတ်သန်းချင်ပါတယ်။ ကျောင်းတက်၊ ကောလိပ်တက်ပြီး မိန်းမတစ်ယောက်အနေနဲ့ အလုပ်သွားလုပ်ချင်တယ်။ အဲဒီအထဲမှာ သူမခံစားရတဲ့ ပျော်ရွှင်မှုအသေးလေးတွေက အစ ခံစားချင်တယ်” လို့ပြောခဲ့ပါတယ်။
အဲဒီနောက် သတင်းထောက်တစ်ယောက်ကKim Tae-hee ဒါမှမဟုတ် Lee Hyo-ri နှစ်ယောက်ထဲ ကတစ်ယောက် လိုဖြစ်ရမယ် ဆိုရင်ဘယ်သူ့ကိုရွေးချယ်မှာလဲလို့မေးခဲ့ပါတယ်။
RAIN က ရယ်မောပြီး”ကျွန်တော် Lee Hyo-ri ကို ယုံကြည်မှုအပြည့်နဲ့ ရွေးချယ်မှာပါ” လို့ ပြန်ပြောခဲ့ပါတယ်။ “
RAIN က အဲ့လိုပြောပြီးနောက်မှာတော့ ” ကျွန်တော်ဆိုလိုတာက သူတို့နှစ်ယောက်လုံးက အံ့သြစရာကောင်းတဲ့ မိန်းမတွေပါ။ သူတို့နှစ်ယောက်လုံးက ဒရာမာဆန်တဲ့ဘဝနဲ့ နေထိုင်ခဲ့ကြတာပါ။တစ်ယောက်ကတော့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး တစ်ယောက်က ထိပ်တန်းအဆိုတော်တစ်ယောက်ပါ။ ဖြစ်နိုင်ရင် နှစ်ယောက်စလုံးဖြစ်ချင်ပါတယ်။ “လို့ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ RAIN က ‘Ghost Doctor’ မှာ သရုပ်ဆောင်တဲ့ Kim Tae-hee ရဲ့ တုံ့ပြန်မှုကို မျှဝေခဲ့ပါတယ်။
RAIN က “ကျွန်တော် Tae-hee ကို အရမ်းလေးစားပါတယ်၊ ဒါကြောင့် သူပြောသမျှစကားတိုင်းကို နားထောင်ပါတယ်။ ဒီဒရာမာအတွက် အကြံဥာဏ်တွေ အများကြီး ကျွန်တော့်ကိုပေးခဲ့ပါတယ်။”
” သူမက ကျွန်တော့ကို အကြံဉာဏ်ပေးတိုင်း ဂရုတစိုက် နားထောင်ပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားပါတယ်။ အိမ်မှာ အလုပ်အကြောင်း တစ်ယောက်နဲ့တစ်ယောက် သိပ်မပြောတတ်ပေမယ့် ပရောဂျက်တွေကို သေချာပြန်ကြည့်ကြပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
Zawgyi Version
ကင်တေးဟီး နဲ့ လီဟိုရီ နှစ်ယောက်ကို ရွေးချယ်မှုပြုလုပ်ခဲ့ရတဲ့ ရိန်း
Latest Posts
Don't Miss